ချင်းပြည်ကောင်စီ
ချင်းအမျိုးသားတပ်ဦး(CNF) ၊ချင်းလွှတ်တော် ကိုယ်စားလှယ်များ၊ မြိုန့ယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်းများမှာကိုယ်စားလှဘ် ၁၀၈ ဦးဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ Pre-Plenary Meeting for ChinlandCouncil ကို ပြုလုပ်ခဲ့ကာ ယင်းမှတစ်ဆင့် ညီလာခံဖြစ်မြောက်ရေး Working Committee forChinland Council Conference (WCCCC) အား ဖွဲ့စည်းခဲ့သည်။
ချင်းအမျိုးသားတပ်ဦး(CNF) ၊ချင်းလွှတ်တော် ကိုယ်စားလှယ်များ၊ မြိုန့ယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်းများမှာကိုယ်စားလှဘ် ၁၀၈ ဦးဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ Pre-Plenary Meeting for ChinlandCouncil ကို ပြုလုပ်ခဲ့ကာ ယင်းမှတစ်ဆင့် ညီလာခံဖြစ်မြောက်ရေး Working Committee forChinland Council Conference (WCCCC) အား ဖွဲ့စည်းခဲ့သည်။
WCCCC အနေဖြင့်ညီလာခံအား အားလုံးပါဝင်အောင် လုပ်ဆောင်ပြီးမှသာ ညီလာခံခေါ်သင့်ကြောင်း နိုဝင်ဘာ ၂၀ရက်တွင် ကန်ပက်လက်မြို့နယ်ကောင်စီက သဘေထားပေးပို့ခဲ့သည်။ သို့သော် WCCCC ဦးဆောင်မှုဖြင့်CNF ဌာနချုပ်ဗစ်တိုးရီးယားစခန်း၌တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ – ၇ ရက်အထိကောင်စီညီလာခံအား အစုအဖွဲ့နှင့် ပြည်တွင်းပြည်ပ ဧည့်သည့် ၂၃၅ ဦးဖြင့်ပြုလုပ်ခဲ့သည်။
ညီလာခံကျင်းပနေဆဲဖေဖော်ဝါရီ ၅ ရက်တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)၊ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)တို့က ညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှမှုမရှိခြင်းကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြုဖော်ဆောင်နိုင်မည်မဟုတ်သည့်အတွက် ညီလာခံ တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၆ရက်တွင်ပင် ချင်းပြည်ကောင်စီ (ChinlandCouncil) အား အစုအဖွဲ့သုံးမှ ကိုယ်စားလှယ် ၁၄၀ ဦး၊ ရည်မှန်းချက်သုံးရပ်ဖြင့် အတည်ပြု ဖွဲ့စည်းခဲ့သည်။ ကောင်စီဦးဆောင်အဖွဲ့အား ၂၃ ဦးဖြင့်ဖွဲ့စည်းကာ ချင်းပြည် (Chinland)တည်ဆောက်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသည့်ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရန်နှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရန်တို့ဖြစ်သည်။ ကောင်စီအကြီးအကဲအဖြစ်ပူးဇင်းကျုံး (ဥက္ကဌ)၊ ဆလိုင်းမင်းညို (ဒုဥက္ကဌ – ၁)၊ပူးဘွေကုန်း (ဒုဥက္ကဌ –၂)၊ ဆလိုင်းပေါလု (အတွင်းရေးမှူး)၊ ဆလိုင်းထက်နီ (တွဲဖက်အတွင်းရေးမှူး - ၁)နှင့် ပူးတာလ်လိန်း (တွဲဖက်အတွင်းရေးမှူး - ၂) တို့ ဖြစ်သည်။
ကောင်စီဦးဆောင်အဖွဲ့ဝင်များသည်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပြင် ပြည်နယ် အစိုးရ၊ လွှတ်တော်၊ တရားလွှတ်တော်ချုပ်နေရာများ၌တာဝန်ထမ်းဆောင်ခွင့်မရှိဟု ကန့်သတ်ထားသည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပုံ၌ဝန်ကြီးချုပ်အား အကြီးအကဲအဖြစ် သတ်မှတ်ထားသော်လည်း ချင်းပြည် (Chinland) ကောင်စီဥက္ကဋ္ဌသည် ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြည်နယ်အကြီးအကဲပင် ဖြစ်သလို ချင်းပြည် (Chinland) ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၌လည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည်။
ဒီဇင်ဘာ ၇ရက်တွင် ချင်းပြည် (Chinland)ဖွဲ့စည်းပုံအခြေခံဥပဒေကို ပထမအကြိမ် ကောင်စီညီလာခံက အတည်ပြု ပြဌာန်းထားကာချင်းပြည်လွှတ်တော်၊ အစိုးရအဖွဲ့နှင့် တရားလွှတ်တော်ချုပ်တို့အား ရက်ပေါင်း ၆၀အတွင်း ဖွဲ့စည်းသွားမည်ဟု ကြေညာခဲ့သည်။
ဒီဇင်ဘာ ၁၁ရက်တွင် ကောင်စီဝင် ၈၃ ဦးဖြင့် ချင်းလုံမြို့တွင် ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံသက်တမ်း ပထမအကြိမ်အစည်းအဝေးအား ပြုလုပ်ကာ ကောင်စီယန္တရား လည်ပတ်ရေး၊မဏ္ဍိုင်သုံးရပ်ဖွဲ့စည်းရေး လု်ပငန်းစဉ်နှင့် လု်ပငန်းလမ်းညွှန်များ ချမှတ်ကာစစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီ ဖော်ဆောင်ရေးအတွက်ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပချင်းတစ်မျိုးသားလုံး လက်တွဲပူးပေါင်းပါဝင်ရန် တိုက်တွန်းကြောင်း ကြေညာချက်(၁/၂၀၂၃) (https://www.facebook.com/permalink.php?story_fbid=pfbid02HUtpbaQHBV864kQCRmyYb5g9DBsEiNBs7JMtPBCkdNnDpXYEZC74uzvoatGwBGMLl&id=61554240905507) အားထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်ဇန်နဝါရီတွင် မဏ္ဍိုင်သုံးရပ် ဖွဲ့စည်းရေးအတွက် အစုအဖွဲ့ အသီးသီးမှ ပေးပို့သည့်အဆိုပြု အမည်စာရင်းနှင့် ကိုယ်ရေးအကျဉ်းများအား လက်ခံစိစစ်နေကြောင်း၊ Government of Chinland ကာကွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းရေးအတွက် ကောင်စီဦးဆောင်မှုဖြင့် CNF နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများ တွေ့ဆုံကာ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များဆွေးနွေးနေကြောင်း ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၃၀ – ၃၁ ရက်တွင်ဒုတိယအကြိမ် ကောင်စီအစည်းအဝေးအား ပြုလုပ်ရာ ကောင်စီဝင် ၁၀၀ ဦး တက်ရောက်ခဲ့ကာချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ တရားလွှတ်တော်ချုပ်တရားသူကြီးချုပ်နှင့် တရားသူကြီးများ၏ အမည်စာရင်းများကို အတည်ပြုက မဏ္ဍိင်သုံးရပ်ဖွဲ့စည်းအတည်ပြုပြီ ဖြစ်ကြောင်း (၀၂/၂၀၂၃) (https://www.facebook.com/photo/?fbid=122124178922141363&set=a.122102115704141363) ဖြင့်ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အစိုးရအဖွဲ့အားဝန်ကြီးချုပ်အဖြစ် PuPa Thang ဦးဆောင်စေကာ ဝန်ကြီးဌာန ၁၄ ခု၊ ရှေ့နေချုပ်အဖြစ် Dr. Thai Hnin https://www.facebook.com/photo/?fbid=122124179642141363&set=a.122102115704141363 ၊တရားလွတ်တော်ချုပ် တရားသူကြီးချုပ် Pu Thomas Thang No ဦးဆောင်စေကာတရားသူကြီးသုံးဦး https://www.facebook.com/photo/?fbid=122124181130141363&set=a.122102115704141363၊ စာရင်းစစ်ချုပ်အဖြစ် PuChan Ham https://www.facebook.com/photo/?fbid=122124193760141363&set=a.122102115704141363တို့အား ခန့်အပ်ကာ ဖေဖော်ဝါရီ ၂ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုမှုပြုလုပ်ခဲ့သည်။
ထို့နောက်ချင်းပြည်လွှတ်တော်အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Hung Naing အားလွှတ်တော်ဥက္ကဌအဖြစ် ဦးဆောင်စေကာ ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ https://www.facebook.com/photo?fbid=122124431618141363&set=a.122102115704141363
ချင်းပြည် (Chinland) ကောင်စီမှ ဖွဲ့စည်းသည့် ချင်းပြည်အစိုးရနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီကဂုဏ်ပြုကြိုဆိုကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် သဝဏ်လွှာ (https://www.facebook.com/photo?fbid=122124656582141363&set=a.122102115704141363) ပေးပို့ခဲ့သည်။
Chinland Council မှာချင်းပြည် အစိုးရ၊ လွှတ်တော်တို့နှင့်အတူ ဝန်ထမ်းခေါ်ယူမှုများ ဖေဖော်ဝါရီ ၁၀ရက်တွင် ကြေညာထားသည်။