Myanmar's pro-democracy movement celebrated the International Democracy Day on 15 September.
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ပြုလုပ်သည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF များ၏ နိုင်ငံတကာဒီမိုကရေစီနေ့နှင့် ပတ်သက်သည့် ခံယူချက်များကိုလည်း NUG ထုတ်လွှင့်ခဲ့သည်။ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားအား ၂၀၀၈ ခုနှစ်မှ စ၍ နိုင်ငံတကာ၌ ကျင်းပခြင်းဖြစ်ကာ ယခုနှစ် ဆောင်ပုဒ်မှာ "ဒီမိုကရေစီ အားကောင်းဖို့ မျိုးဆက်သစ်ကို မြှင့်တင်စို့" - “Empowering the next Generation” ဖြစ်သည်။ CRPH က ပြုလုပ်သည့် အခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) ၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၊ ဥရောပပါလီမန် (EU) နှင့် International IDEA Myanmar တို့လည်း သဝဏ်လွှာ၊ မိန့်ခွန်းများပေးပို့ခဲ့သည်။
National Unity Consultative Council (NUCC) shared its faith in youth as a force for leading initiatives for justice, constituent assemby, national equality and self-determination in the future of the Federal Union in its commemoration message.